← Back to Blogs

နေရာမတူရင် အရွယ်အစား ကွာခြားတတ်ပါတယ် - မိမိပတ်ဝန်းကျင်နဲ့ လိုက်ဖက်မယ့် မီးသတ်ဆေးဘူး အရွယ်အစားကို ဘယ်လိုရွေးချယ်မလဲ။

📅 May 21, 2026 04:23 PM 👁️ 9 views

နေရာမတူရင် အရွယ်အစား ကွာခြားတတ်ပါတယ် - မိမိပတ်ဝန်းကျင်နဲ့ လိုက်ဖက်မယ့် မီးသတ်ဆေးဘူး အရွယ်အစားကို ဘယ်လိုရွေးချယ်မလဲ။

မီးဘေးအန္တရာယ်ဆိုတာ ကြိုတင်အကြောင်းကြားပြီးမှ ရောက်လာတတ်တာမျိုး မဟုတ်ပါဘူး။ အရေးကြုံလာတဲ့အခါ အချိန်မီ ထိထိရောက်ရောက် ငြှိမ်းသတ်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ နေရာအကျယ်အဝန်းနဲ့ ကိုက်ညီတဲ့ မီးသတ်ဆေးဘူး အရွယ်အစား (Size) ကို မှန်မှန်ကန်ကန် ရွေးချယ်ဆောင်ထားဖို့က အလွန်အရေးကြီးပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုဆေးဘူး အရွယ်အစားလေးတွေ ဆောင်ထားသင့်လဲဆိုတာကို Rain Flower က အသေးစိတ် အကြံပြုပေးပါရစေနော်။

၁။ အိမ်စီးကားလေးတွေအတွက် (0.5 kg / 1 kg)

မော်တော်ယာဉ်တွေမှာ ဝိုင်ယာရှော့ဖြစ်တာ၊ အင်ဂျင်အပူလွန်ကဲတာတွေကြောင့် လမ်းခရီးမှာ မတော်တဆ မီးလောင်မှုတွေ ဖြစ်ပွားတတ်ပါတယ်။

  • အကြံပြုအရွယ်အစား: သယ်ဆောင်ရလွယ်ကူပြီး နေရာမပုပ်တဲ့ 0.5 kg သို့မဟုတ် 1 kg ဘူးလေးတွေက အသင့်တော်ဆုံးပါပဲ။
  • ထားရှိရန်နေရာ: ကားမောင်းသူ လက်လှမ်းမီတဲ့ ခုံအောက် (သို့မဟုတ်) ကားရှေ့ခန်း လက်အိတ်အကန့်ထဲမှာ အလွယ်တကူ အသင့်ဆောင်ထားနိုင်ပါတယ်။

၂။ လူနေအိမ်ခြေတွေအတွက် (2 kg)

အိမ်တွေမှာ ဖြစ်ပွားတတ်တဲ့ မီးဘေးဟာ များသောအားဖြင့် မီးဖိုချောင် ဟင်းချက်ဆီပူရာကနေသော်လည်းကောင်း၊ ဧည့်ခန်းနဲ့ အိပ်ခန်းတွေက လျှပ်စစ်ပစ္စည်းတွေဆီကနေသော်လည်းကောင်း စတင်တတ်ပါတယ်။

  • အကြံပြုအရွယ်အစား: အိမ်ရှင်မတွေပါ အလွယ်တကူ မနိုင်တနိုင် မ,ပြီး သုံးနိုင်မယ့် 2 kg ဘူးလေးတွေ ဆောင်ထားရင် စိတ်အေးရတာပေါ့။
  • ထားရှိရန်နေရာ: မီးဖိုချောင်အဝင်ဝ၊ ဧည့်ခန်း ပင်မလျှပ်စစ်မိန်းခလုတ်အနီးနဲ့ လှေကားခြေရင်းတွေမှာ အလွယ်တကူ မြင်သာအောင် ချိတ်ဆွဲထားသင့်ပါတယ်။

၃။ ဆိုင်ခန်းနဲ့ ရုံးခန်းတွေအတွက် (3 kg)

လူစည်ကားတဲ့ စျေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ကွန်ပျူတာ၊ မီးချောင်း အများအပြား အသုံးပြုတဲ့ ရုံးခန်းတွေမှာတော့ မီးလောင်မှုဖြစ်ရင် အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။

  • အကြံပြုအရွယ်အစား: အရေးပေါ်အခြေအနေမှာ အားကိုးရမယ့် ပမာဏအလတ်စား 3 kg ဘူးလေးတွေကို အကြံပြုပါတယ်ရှင်။
  • ထားရှိရန်နေရာ: ရုံးခန်းရဲ့ စင်္ကြံလမ်းမများ၊ အဝင်ဝ တံခါးအနီးနဲ့ ဝန်ထမ်းတွေ အလွယ်တကူ ယူဆောင်နိုင်တဲ့ ကောင်တာအနီးတွေမှာ ထားရှိရပါမယ်။

၄။ စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းသုံးအတွက် (4 kg / 5 kg / 8 kg / 25 kg / 40 kg)

ကုန်ထုတ်လုပ်ငန်းတွေ၊ ကုန်လှောင်ရုံ (ဂိုဒေါင်) တွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ စက်မှုဇုန်တွေဟာ မီးကူးစက်မှု အရှိန်အဟုန် အလွန်မြန်ဆန်နိုင်တဲ့ High-Risk နေရာတွေ ဖြစ်ပါတယ်။

  • အကြံပြုအရွယ်အစား: အကြီးစား မီးလောင်မှုတွေကို အမြစ်ပြတ် ငြှိမ်းသတ်နိုင်တဲ့ 4 kg, 5 kg, 8 kg လက်ကိုင်ဘူးကြီးတွေကနေစလို့ ရွှေ့လျားရလွယ်ကူတဲ့ ဘီးတပ် 25 kg, 40 kg ဘူးအကြီးစားကြီးတွေအထိ အစုံအလင် ဆောင်ထားဖို့ လိုအပ်ပါတယ်။
  • ထားရှိရန်နေရာ: ကုန်ပစ္စည်း သိုလှောင်ရုံတန်းများ၊ စက်ပစ္စည်း မော်တာကြီးများရှိရာနေရာ၊ ဆီသိုလှောင်ရုံများနှင့် ဘောက်ဆာကားများ ဆိုက်ကပ်ရာ နေရာများတွင် စနစ်တကျ ခွဲဝေချထားရပါမယ်။